FAQ
အများပြည်သူ ဘေးကင်းလုံခြုံမှုအတွက် ဥပဒေအရ ကန့်သတ်ထားသော လုပ်ငန်းများကို တာဝန်ယူ တာဝန်ခံ လုပ်ဆောင်မည့် အင်ဂျင်နီယာများ လိုင်စင်လိုပါသည်။ ဖော်ပြပါ လုပ်ငန်းများကို လိုင်စင်အင်ဂျင်နီယာများ၏ ကြီးကြပ်မှုဖြင့် လုပ်ဆောင်မည့် အင်ဂျင်နီယာများ လိုင်စင်မလိုပါ။ ဥပဒေအရ ကန့်သတ်ထားခြင်း မရှိသော လုပ်ငန်းများကို လုပ်ဆောင်မည့် အင်ဂျင်နီယာများ လိုင်စင်မလိုပါ။
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ လိုင်စင်ရ အင်ဂျင်နီယာများ လိုက်နာရမည့် ကျင့်ဝတ်များကို https://www.myanmarengc.org/ethics-committee တွင် ဖတ်ရှုနိုင်ပါသည်။
၂၀၁၈ ဖေဖော်ဝါရီ ၂၅ တွင် RSE Part II စာမေးပွဲ စစ်ဆေးပါမည်။
(၃) လခန့်အကြာ ၂၀၁၈ မေလကုန် ဇွန်လဆန်းတွင် PE Part II စာမေးပွဲ စစ်ဆေးရန် ရှိပါမည်။
နောက် (၃) လခန့်အကြာ ၂၀၁၈ သြဂုုတ်လကုန်၊ စက်တင်ဘာလဆန်းတွင် RSE Part I စာမေးပွဲ စစ်ဆေးရန် ရှိပါမည်။
နောက် ၃လခန့်အကြာ ၂၀၁၈ နိုဝင်ဘာလကုန်၊ ဒီဇင်ဘာလဆန်းတွင် PE Part I စာမေးပွဲ စစ်ဆေးရန် ရှိပါသည်။
စာမေးပွဲ ရက်များကို သီးသန့် ကြေညာစာ ထုတ်ပြန် အသိပေးပါသည်။
RE က Renewal Form ဖြည့်စွက် ပြန်လည် လျောက်ထားနိုင်ပါတယ်။
RSE နဲ့ PE သက်တမ်းတိုးဖို့က CPD နာရီ တစ်နှစ်ကို နာရီ ၂၀ နဲ့ ၂၀၁၆၊ ၂၀၁၇ (၂) နှစ်အတွက် နာရီ ၄၀ အထောက်အထေား ပူးတွဲ တင်ပြ လျောက်ထားနိုင်ပါတယ်။